Thursday, January 17, 2013
Post Type: Love
ကိုယ့်ကို ပြန်မချစ်နိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..
ကိုယ့်ကို ဂရုစိုက်မှုတွေမပေးနိုင်တော့ပါဘူးလို့ ပြောခဲ့သူကို ..
ငါ စောင့်တယ် .. .. ..
ကိုယ့်အနားကို ဘယ်တော့မှ ပြန်မလာတော့မယ့်လူကို ..
ငါ စောင့်တယ် .. .. ..
လွမ်းမနေသင့်တော့တဲ့ လူတစ်ယောက်ကို ..
ငါ စောင့်တယ် .. .. ..
တစ်နေ့နေ့ ကိုယ့်အချစ်ကို သူ နားလည်လာမှာပါလို့ ဖြေသိမ့်ရင်း ...
ငါ စောင့်တယ် .. .. ..
သူကြောင့် ငါ့စိတ်တွေသိပ်ပင်ပန်းမှန်းသိနေပေမယ့်လည်း ..
သူ့ကို ငါ စောင့်တယ် .. .. ..
ဦးနှောက်က မှားယွင်းမှန်းသိလည်း ..
နှလုံးသားက လက်မခံနိုင်သေးတော့ .. ..
တစ်နေ့နေ့ သူ ကိုယ့်ဆီ ပြန်လာနိုးဆိုပြီး ..
ငါတို့ စောင့်ဆိုင်းနေခဲ့မိကြတယ် ။ ။
* စောင့်ဆိုင်းခြင်းဆိုတာ မှားယွင်းတဲ့အပြုအမူတစ်ခုဖြစ်ပေမယ့် တကယ်ချစ်တတ်သူတိုင်းကတော့ တစကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ကိုယ့်ချစ်သူကို စောင့်ဆိုင်းခဲ့ကြဖူးမှာပါ *
{ မယ်ပိုး }
Shared from Heart Canteen (FB)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment